Skip to main content

ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီနှင့် International IDEA မှ Consultant နှစ်ဦးဖြစ်သည့် Mr. Richard A. Nuccio နှင့် Mr. Giles Dicken-Jones တို့ တွေ့ဆုံပွဲကျင်းပ နေပြည်တော် မေ ၁၈

ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီနှင့် International IDEA မှ Consultant နှစ်ဦးဖြစ်သည့် Mr. Richard A. Nuccio နှင့် Mr. Giles Dicken-Jones တို့ တွေ့ဆုံပွဲကျင်းပ နေပြည်တော် မေ ၁၈ | posted 19.05.2017

ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးအေးသာအောင်သည် International IDEA မှ Consultant နှစ်ဦးဖြစ်သည့် Mr. Richard A. Nuccio နှင့် Mr. Giles Dicken-Jones တို့အား ယနေ့ မွန်းလွဲ ၃ နာရီတွင် ပြည်ထောင်စုလွှတ်တော် (D-ဆောင်)၊ ပထမထပ် အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့လက်ခံတွေ့ဆုံရာတွင် ဘတ်ဂျက်စိစစ်သုံးသပ်ခြင်းနှင့်ဆိုင်သော နည်းပညာများ၊ ပြည်သူ့ရေးရာ မူဝါဒများလေ့ကျင့်ပေးခြင်း၊ စာရင်းစစ်ဆေးခြင်းဆိုင်ရာကိစ္စရပ်များ နှင့်စပ်လျဉ်း၍ ကော်မတီဝင်များနှင့် ဝန်ထမ်းများအား သင်တန်းပို့ချခြင်းအစီအစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူး၊ ပူးပေါင်းကော်မတီဝင်များနှင့် International IDEA မှ Consultant နှစ်ဦးဖြစ်သည့် Mr. Richard A. Nuccio နှင့် Mr. Giles Dicken-Jones တို့ တက်ရောက်ကြသည်။