Skip to main content

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့ ကျင်းပ နေပြည်တော်၊ မတ် ၁၆

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့ ကျင်းပ နေပြည်တော်၊ မတ် ၁၆ | posted 16.03.2017

 ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့ကို အစီအစဉ်(၁၁)ခုဖြင့် ကျင်းပသည်။

  ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော် နာယက က နိုင်ငံတော်သမ္မတရုံးမှ ပေးပို့သော တနင်္သာရီ တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) တို့ရှိ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့် ကျေးရွာများ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်း၊ အမည် ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခြင်းနှင့် နယ်နိမိတ်ဧရိယာတိုးချဲ့ပြင်ဆင် ဖွဲ့စည်းခြင်းတို့ကို တင်ပြပြီး လွှတ်တော်က မှတ်တမ်းတင်သည်။

  ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဖောင်းပြင်-ပင်လည်ဘူးကားလမ်း ၂၉မိုင်(လမ်းသစ်) အထူးပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ၂၀၁၆ ခုနှစ်၊ ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါ သီးသန့်ရန်ပုံငွေမှ ကျပ် ၅၅၇၅.၀၀ သန်း ခွဲဝေသုံးစွဲမည့်ကိစ္စရပ်နှင့်စပ်လျဉ်း၍ ငါန်းဇွန်မဲဆန္ဒနယ်မှ ဦးမင်းသိန်း၊ ပင်လည်ဘူးမဲဆန္ဒနယ်မှ ဦးမင်းနောင်၊ စစ်ကိုင်းတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၈)မှ ဦးကိုကိုနိုင်၊ စစ်ကိုင်းတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးညီညီထွေး(ခေါ်)ဦးကိုကိုလေး၊ စစ်ကိုင်းတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးတင်မောင်ဝင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဝင်းအောင်၊  ဘုတလင်မဲဆန္ဒနယ်မှ ဦးမြင့်ဟန်ထွန်း၊ ဂန့်ဂေါမဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင်၊ တောင်သာမဲဆန္ဒနယ်မှ ဦးစစ်အေး၊ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို၊ ဖောင်းပြင်မဲဆန္ဒနယ်မှ ဦးထွန်းဝေ၊ ဒီပဲယင်းမဲဆန္ဒနယ်မှ ဦးဝင်းမြင့်အောင်၊ ဟုမ္မလင်းမဲဆန္ဒနယ်မှ ဦးမျိုးညွန့်၊ ဖာပွန်မဲဆန္ဒနယ်မှ ဦးစောထွန်းမြအောင်၊ ဆိပ်ဖြူမဲဆန္ဒနယ်မှ ဦးအောင်သိုက်၊ ချင်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးလားလ်မင်းထန်နှင့် ကနီမဲဆန္ဒနယ်မှ ဦးထွန်းထွန်းနိုင် တို့က ဆွေးနွေးသည်။

  နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ရန်ကုန်တိုင်းဒေသကြီးအတွင်း နွေရာသီလျှပ်စစ် ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ၂၀၁၆ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေပါ သီးသန့်ရန်ပုံငွေမှ ကျပ် ၃၀ ဘီလီယံ ခွဲဝေသုံးစွဲမည့်ကိစ္စရပ် နှင့်စပ်လျဉ်း၍ ကျောက်တံတားမဲဆန္ဒနယ်မှ ဦးနေမျိုးထက်၊ ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၄)မှ ဦးသန်းစိုး(ဘောဂဗေဒ)၊ စစ်ကိုင်းတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၃)မှ ဦးဝင်းအောင်၊ ချင်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးဝှေ့တင်း၊ ပုလောမဲဆန္ဒနယ်မှ ဦးအုန်းခင်၊ မန္တလေးတိုင်း ဒေသကြီးမဲဆန္ဒနယ်အမှတ်(၂)မှ ဦးထွန်းထွန်းဦး၊ ဆိပ်ကြီး/ခနောင်တိုမဲဆန္ဒနယ်မှ ဦးတင်ထွန်းနိုင်၊ မြို့သစ်မဲဆန္ဒနယ်မှ ဦးသာအောင်၊ ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးကျော်နီနိုင်၊ မွန်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမျိုးဝင်း၊ စမ်းချောင်းမဲဆန္ဒနယ်မှ ဦးဘိုဘိုဦးနှင့်  ချင်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးလားလ်မင်းထန် တို့ကဆွေးနွေးသည်။

   နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ကျေးရွာ ၄၁၆ ရွာသို့ လျှပ်စစ်ဓာတ်အားပေး နိုင်ရေးဆောင်ရွက်ရန် ဂျာမနီနိုင်ငံ KfW Development Bank ထံမှ ယူရို ၂၃.၈၈၃ သန်း ချေးယူရန်ကိစ္စနှင့်စပ်လျဉ်း၍ မောက်မယ်မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်း၊ ပဲခူးတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ်၊ လွိုင်ကော်မဲဆန္ဒနယ်မှ ဒေါက်တာခင်စည်သူ၊ အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချို၊ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို၊ တောင်ကြီးမဲဆန္ဒနယ်မှ ဒေါက်တာဒေါ်သန်းငွေ၊ ပန်းတောင်း  မဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်၊ ရွာငံမဲဆန္ဒနယ်မှ ဦးအောင်စိုးမင်း၊ ဒီပဲယင်းမဲဆန္ဒနယ်မှ ဦးဝင်းမြင့်အောင်၊ လွိုင်လင်မဲဆန္ဒနယ်မှ ဦးခင်မောင်သီနှင့် ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါ်မမလေး တို့ကဆွေးနွေးပြီးနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ကမ္ဘာ့ဘဏ်၏ ချေးငွေအစီအစဉ်အောက်မှ Development Policy Operation (DPO) ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၂၀၀ ချေးယူရန် ကိစ္စနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၄)မှ ဦးသန်းစိုး (ဘောဂဗေဒ)မှ ဆွေးနွေးပြီးနောက်          နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဖောင်းပြင်-ပင်လည်ဘူးကားလမ်း ၂၉မိုင်(လမ်းသစ်) အထူးပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက် ရန်အတွက် ၂၀၁၆ ခုနှစ်၊ ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါ သီးသန့်ရန်ပုံငွေမှ ကျပ် ၅၅၇၅.၀၀ သန်း ခွဲဝေသုံးစွဲမည့်ကိစ္စရပ်နှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် က ပြန်လည် ရှင်းလင်းဆွေးနွေးသည်။

  ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က အစည်းအဝေး (၁၆)ရက်မြောက်နေ့ ရပ်နားလိုက်ပြီး (၁၇)ရက်မြောက်နေ့ကို ၁၇-၃-၂၀၁၇ ရက် (သောကြာနေ့) နံနက် ၁၀၀၀ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။