Skip to main content

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့ အစီအစဉ် ကျင်းပ အောက်တိုဘာ ၄

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့ အစီအစဉ် ကျင်းပ အောက်တိုဘာ ၄ | posted 4.10.2016

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့ကို အစီအစဉ် (၈)ခုဖြင့် ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟုမှတ်ယူရမည့် အရေးပေါ် စီမံမှု အက်ဥပဒေ ကို ရုပ်သိမ်းသည့်ဥပဒေကြမ်းကို လွှတ်တော်က မှတ်တမ်းတင်သည်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အငြင်းပွားမှုဖျန်ဖြေရေးလုပ်ငန်းစဉ် ဆိုင်ရာအာဆီယံ ပဋိညာဉ်စာတမ်းနောက်ဆက်တွဲစာချုပ်သို့ မြန်မာနိုင်ငံမှ အတည်ပြုဝင်ရောက်ရန် ကိစ္စနှင့် စပ်လျဉ်း၍    နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်တင်က လွှတ်တော်သို့ ရှင်းလင်း တင်ပြပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် အစည်းအဝေး (၁၆) ရက် မြောက်နေ့ကို ၇-၁၀-၂၀၁၆ ရက်နေ့ မွန်းလွဲ ၁၃၃၀ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း  ကြေညာ သည်။