Skip to main content

ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ဥရောပပါလီမန်မှ လွှတ်တော်ကိုယ်စားလှယ် H.E.Ms. Judith Sargentini အား လက်ခံတွေ့ဆုံ နေပြည်တော်၊ မေ ၁၇

ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ဥရောပပါလီမန်မှ လွှတ်တော်ကိုယ်စားလှယ် H.E.Ms. Judith Sargentini အား လက်ခံတွေ့ဆုံ နေပြည်တော်၊ မေ ၁၇ | posted 17.05.2016

ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် ဥရောပပါလီမန်မှ လွှတ်တော်ကိုယ်စားလှယ်  H.E.Ms. Judith Sargentini အား ယနေ့ ၁၅၀၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။

          အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့်အတူ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

          ထိုသို့တွေ့ဆုံရာတွင် လွှတ်တော်ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။