Skip to main content

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း မိုင်းလား အထူးအဒေသ(၄)အဖွဲ့အား လက်ခံတွေ့ဆုံ၊ မတ် ၁

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း မိုင်းလား အထူးအဒေသ(၄)အဖွဲ့အား လက်ခံတွေ့ဆုံ၊ မတ် ၁ | posted 16.09.2015

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းသည် ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာ၊ ကျေးလက် လူမှုဘဝမြှင့်တင်ရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ၏ တင်ပြချက်အရ ၂၀၁၄ ခုနှစ်၊ ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း အထိမ်းအမှတ်အခမ်းအနား တက်ရောက်ရန် နေပြည်တော်သို့ရောက်ရှိနေသည့် မိုင်းလား အထူးဒေသ(၄) ဒုတိယဥက္ကဋ္ဌ ဦးဆမ်လူ ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နေအိမ်၌ မတ်လ ၁ ရက်နေ့ နံနက်(၁၁၁၅)နာရီချိန်တွင် လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင့်အတူ ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာ၊ ကျေးလက်လူမှုဘဝမြှင့်တင် ရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။