Skip to main content

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း အမေရိကန်သမ္မတဟောင်း ကလင်တန်အား လက်ခံတွေ့ဆုံ နိုဝင်ဘာ ၁၄

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း အမေရိကန်သမ္မတဟောင်း ကလင်တန်အား လက်ခံတွေ့ဆုံ နိုဝင်ဘာ ၁၄ | posted 14.09.2015

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း အမေရိကန်သမ္မတဟောင်း H.E.Mr.WilliamJ.Clinton နှင့် အဖွဲ့အား နိုဝင်ဘာ ၁၄ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေဆုံရာတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအား ထောက်ခံအားပေးနေမှုများ၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ခြင်းဖလှယ်ဆွေးနွေးကြပြီး တွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း နှင့်အတူ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌ များဖြစ်ကြသည့် ဦးမောင်မောင်သိမ်း၊ ဦးလှမြင့်ဦး၊ ကော်မရှင်အဖွဲ့ဝင် ဒေါ်အေးအေးမူနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။