Skip to main content

ပြည်ထောင်စုလွှတ်တော် နာယက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် Global Commission on Drug Policy (GCDP) ဥက္ကဋ္ဌ၊ ဆွစ်ဇာလန်နိုင်ငံ သမ္မတဟောင်း Ms. Ruth Dreifuss အား လက်ခံတွေ့ဆုံ နေပြည်တော်၊ ဧပြီ ၆

ပြည်ထောင်စုလွှတ်တော် နာယက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် Global Commission on Drug Policy (GCDP) ဥက္ကဋ္ဌ၊ ဆွစ်ဇာလန်နိုင်ငံ သမ္မတဟောင်း Ms. Ruth Dreifuss အား လက်ခံတွေ့ဆုံ နေပြည်တော်၊ ဧပြီ ၆ | posted 10.04.2017

ပြည်ထောင်စုလွှတ်တော် နာယက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ အခြေစိုက် Global Commission on Drug Policy (GCDP) ဥက္ကဋ္ဌ၊ ဆွစ်ဇာလန်နိုင်ငံ သမ္မတဟောင်း Ms. Ruth Dreifuss အား ၆-၄-၂၀၁၇ ရက်နေ့ ၁၀၀၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော် နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အတူ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ထိုသို့တွေ့ဆုံရာတွင် Global Commission on Drug Policy (GCDP) ၏ ဆောင်ရွက်မှု လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။