Skip to main content

ပြည်ထောင်စုလွှတ်တော် နာယက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း UNICEF ၏ Deputy Executive Director Mr. Robert Justin Alexander Forsyth အား လက်ခံတွေ့ဆုံ နေပြည်တော်၊ ဧပြီ ၆

ပြည်ထောင်စုလွှတ်တော် နာယက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း UNICEF ၏ Deputy Executive Director Mr. Robert Justin Alexander Forsyth အား လက်ခံတွေ့ဆုံ နေပြည်တော်၊ ဧပြီ ၆ | posted 10.04.2017

ပြည်ထောင်စုလွှတ်တော် နာယက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် UNICEF ၏ Deputy Executive Director Mr. Robert Justin Alexander Forsyth အား ၆-၄-၂၀၁၇ ရက်နေ့ ၁၃၃၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ ဆုံခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော် နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အတူ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် UNICEF ၏ မြန်မာနိုင်ငံအတွင်း ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကူညီပံ့ပိုးပေးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။