Skip to main content

မြန်မာ့စီးပွားရေးဖိုရမ် (MBF) တရားမဝင်ကုန်သွယ်မှု တားဆီးရေးနှင့် တိုက်ဖျက်ရေးလုပ်ငန်း နှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ မေ ၆

မြန်မာ့စီးပွားရေးဖိုရမ် (MBF) တရားမဝင်ကုန်သွယ်မှု တားဆီးရေးနှင့် တိုက်ဖျက်ရေးလုပ်ငန်း နှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ မေ ၆ | posted 6.05.2016

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်က ဦးဆောင်၍ တရားမဝင်ကုန်သွယ်မှုတားဆီးရေးနှင့် တိုက်ဖျက်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ မေလ ၆ ရက် ၁၃၀၀ နာရီအချိန်တွင် လွှတ်တော်ဝင်းအတွင်းရှိ ပြည်သူ့လွှတ်တော်ရေးရာဆောင် (I-1) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

            အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ဒုတိယဥက္ကဋ္ဌ (၁) ဦးကိုကိုနိုင်၊ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာသန်းဝင်း၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ Uniliver ၊ British American Tobacco၊  IBIC Group of Company Limited၊ CEC မြေသြဇာ၊ မျိုးစေ့နှင့်စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း၊ လက်လီတင်သွင်း ရောင်းချသူများ အသင်း၊ APB Alliance Brewery Company Limited၊ Nestle၊ Japan Tobacco International၊ LPB Law Firm၊ Consultant to MBF, IFC နှင့် မြန်မာ့ စီးပွားရေးဖိုရမ် (MBF) တို့မှ ဖိတ်ကြားထားသူများ၊ ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံးနှင့် အမျိုးသားလွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။