Skip to main content

လွှတ်တော်ရုံးအသီးသီးနှင့် UNDP / IPUတို့၏ပူးပေါင်းဆောင်ရွက်မှုဖြင့် လွှတ်တော်ကော်မတီ များအတွက် ခေါင်းဆောင်မှုနှင့် ပညာရပ်ပိုင်းဆိုင်ရာ စွမ်းရည်မြှင့်တင်ရေး အစီအစဉ် ဒုတိယနေ့ဆက်လက်ကျင်းပ နေပြည်တော်၊ ဇွန် ၇

လွှတ်တော်ရုံးအသီးသီးနှင့် UNDP / IPUတို့၏ပူးပေါင်းဆောင်ရွက်မှုဖြင့် လွှတ်တော်ကော်မတီ များအတွက် ခေါင်းဆောင်မှုနှင့် ပညာရပ်ပိုင်းဆိုင်ရာ စွမ်းရည်မြှင့်တင်ရေး အစီအစဉ် ဒုတိယနေ့ဆက်လက်ကျင်းပ နေပြည်တော်၊ ဇွန် ၇ | posted 7.06.2016

လွှတ်တော်ရုံးအသီးသီးနှင့် UNDP / IPU တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် လွှတ်တော် ကော်မတီများအတွက် ခေါင်းဆောင်မှုနှင့်ပညာရပ်ပိုင်းဆိုင်ရာ စွမ်းရည်မြှင့်တင်ရေးအစီအစဉ် ဒုတိယနေ့ကို ၂၀၁၆ ခုနှစ်၊ ဇွန်လ ၇ ရက် လွှတ်တော်သဘင်ဆောင်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

            အဆိုပါ အစီအစဉ်သို့ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကော်မတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လွှတ်တော်ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ နိုင်ငံတကာလွှတ်တော်များမှ ကိုယ်စားလှယ်များနှင့် ကော်မတီကျွမ်းကျင်သူများ၊ ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့ လွှတ်တော်ရုံးနှင့် အမျိုးသားလွှတ်တော်ရုံးတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊  တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်ရုံးများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။