Skip to main content

နိုင်ငံတကာပါလီမန်များအဖွဲ့ဆိုင်ရာပူးပေါင်းကော်မတီ

ကော်မတီအဖွဲ့ဝင်ဦးရေကို တိုးခြင်း၊ လျှော့ခြင်း၊ ပြင်ဆင်ဖွဲ့စည်းခြင်းများ အတွက် နာယကသည်-
(က)    ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပသည့် ကာလဖြစ်ပါက လွှတ်တော်၏ အတည်ပြုချက်ဖြင့် ဆောင်ရွက်နိုင်သည်။
(ခ)    ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်  ရပ်နားထားစဉ်ကာလဖြစ်ပါက အနီးကပ်ဆုံး ကျင်းပသည့် လွှတ်တော်အစည်းအဝေးတွင် အတည်ပြုချက် ရယူဆောင်ရွက်နိုင်သည်။
ကော်မတီ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ
    ကော်မတီ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က)    ပြည်ထောင်စုလွှတ်တော်နှင့် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) တို့အကြား ဆက်သွယ် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ လုပ်ငန်းတာဝန်များ ဆောင်ရွက်ခြင်း၊
(ခ)    ပြည်ထောင်စုလွှတ်တော်နှင့် နိုင်ငံတကာပါလီမန်များအဖွဲ့(IPU) အဖွဲ့ဝင်နိုင်ငံများ၏ လွှတ်တော် များအကြား ဆက်သွယ်ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းတာဝန်များ ဆောင်ရွက်ခြင်း၊
(ဂ)    ကော်မတီ၏ လုပ်ငန်းများအတွက် လိုအပ်ပါက လွှတ်တော်ရုံးမှတစ်ဆင့် သက်ဆိုင်ရာ အဖွဲ့အစည်းဌာနများနှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ခြင်း၊
ကော်မတီ၏ သက်တမ်း
    ကော်မတီ၏ သက်တမ်းသည် စတင်ဖွဲ့စည်းသည့်နေ့မှစ၍ တစ်နှစ် သတ်မှတ်သည်။
အထွေထွေ
    ကော်မတီ၏ ရုံးလုပ်ငန်းနှင့် အုပ်ချုပ်မှုကိစ္စအဝဝကို လွှတ်တော်ရုံးက တာဝန်ယူဆောင်ရွက်ပေးရမည်။